မောက်

Saturday, July 19, 2014

လင်ဇီး၏သမိုင်းကြောင်း

လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းကပင် ရာရှီးဟုခေါ်သော လင်ဇီးမှိုကို ဆေးဘက်ဝင်အပင်တစ်မျိုးအဖြစ် အသုံးပြုလာခဲ့ကြပါသည်။ တရုတ်တော်ဝင် မင်းမျိုးမင်းနွယ်များသည် အသက်ရှည်စေသောလင်ဇီးမှိုကို အမြတ်တနိုး တန်ဖိုးထားကြ သဖြင့် တော်ဝင်အသုံးအဆောင်များ၊ ယဉ်ကျေးမှုအနုပညာ လက်ရာများ၊ ပန်းချီပန်းပုရုပ်ထုများ၊ ဖဲကြိုးပြားများနှင့် ဧကရာဇ်များ၏ ဝတ်ရုံများတွင် ထည့်သွင်းဖော်ပြလေ့ရှိခဲ့ပါသည်။ ထို့အပြင် ဂျပန်ရိုးရာယဉ်ကျေးမှုတွင်လည်း လင်ဇီးမှိုကို အရေးအကြီးဆုံး ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် ယူဆခဲ့ ကြသည်။ ထို့ကြောင့် လင်ဇီးကို ထာဝရရှင်သန်စေသောမှို ဟူ၍လည်းကောင်း၊ အနှစ်တစ်သောင်း အသက်ရှည်စေသောမှို ဟူ၍လည်းကောင်း၊ ဝိဥာဉ်ပိုင်းဆိုင်ရာအစွမ်းထက်ပင်ဟူ၍လည်းကောင်း အမျိုးမျိုးတင်စားခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ တရုတ်တို့က လင်ဇီးကို ကျန်းမာခြင်း၊ အသက်ရှည်ခြင်းနှင့် ကံကောင်းစေခြင်း တို့၏ အမှတ်သင်္ကေတအဖြစ် မှတ်ယူကြသည်။ ရေရှည်သောက်သုံးသော်လည်း ဘေးထွက်ဆိုးကျိုးမရှိခြင်း၊ ကျန်းမာရေးကို ထူးကဲစွာအထောက်အပံ့ပေးခြင်းနှင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးခြင်းဖြင့် အသက်ရှည်နုပျိုစေခြင်းတို့ကြောင့်လင်ဇီးသည် ထိပ်တန်းအားတိုးဆေး (၁၂ဝ)ခန့် ရှိသည့်အနက် ထိပ်ဆုံးအဖြစ် နေရာပေးခြင်းခံရသောဆေးဖြစ်ပါသည်။
Photo: လင်ဇီး၏သမိုင်းကြောင်း

No comments:

Post a Comment