မောက်

Sunday, June 30, 2013

Blogger များအတွက် အလွယ်ကူဆုံး အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း

Blogger တွေအတွက် ဒီလိုလုပ်နည်းလေးတွေကို Photoshop နဲ့ ဖန်တီးတတ်အောင် တင်ပေးချင်ပေမယ့် အဆင့်တွေများပြီး လုပ်နည်းက ရှုပ်တဲ့အတွက် တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ အခုတော့ အပေါ်မှာ ပြထားတဲ့ ဒီဇိုင်းတွေ အပြင် နောက်ထပ်ဒီဇိုင်းမျိုးစုံကိုပါ အလွယ်ကူးဆုံး ဖန်တီးယူလို့ ရမယ့် Website လေးတစ်ခု တွေ့ရှိခဲ့ပါပြီ..။ အဲ့ဒီဆိုဒ်လေးမှာ မိမိတို့ရဲ့ Blog နာမည်တွေနဲ့ Blog လိပ်စာလေးတွေကို Animated စာလုံးတွေကို အလွယ်ကူဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီဆိုဒ်လေးမှာ မြန်မာစာရေးလို့ ရတယ်ဆိုပေမယ့် ပုံမှန် Zawgyi-One ဖေါင့်နဲ့ ရေးလို့ မြန်မာစာ အမှန်မပေါ်ပါဘူး..။ ကမောက်ကမ စာလုံးတွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီဆိုဒ်လေးက ကျနော်တို့ Windows 8 မှာ ပါလာတဲ့ MM3 ဖေါင့်ကို Support လုပ်တဲ့အတွက် ကျနော်မြန်မာစာ အမှန်ပေါ်အောင်လို့ KaNaung Converter ကို အသုံးပြုပြီး မြန်မာစာ ပေါ်အောင် ဖန်တီး ပြထားပါတယ်..။ ဒီ KaNaung Converter လေးကို ဒေါင်းယူပြီး Zawgyi-One ကနေ Myanmar3 ဖေါင့်ပြောင်းသုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်တခုက ဒီဆိုဒ်လေးမှာ Animated စာလုံးတွေအပြင် အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေပါ လုပ်ယူလို့ ရပါသေးတယ်..။ ကျနော်ဒီပိုစ့်မှာ ပြထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ 3D Text နဲ့ Animated စာလုံးတွေကို ဖန်တီးချင်တဲ့သူများကတော့ ဒီဆိုဒ်လေးကို အောက်ကလင့်တွေကနေ ဝင်သွားလိုက်ပါဗျာ..။

Animated စာလုံးများ ရွေးယူရန်..
မီးလောင်နေတဲ့ စာလုံးများ ဖန်တီးရန်..
နောက်ခံမီးလင်း၊မှောင် လှုပ်ရှားနေတဲ့ စာလုံးများ ဖန်တီးရန်..
အပေါ်ကလိုမျိုး အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေကို ဖန်တီးဖို့ အောက်ကလင့်ကနေ အလွယ်ဝင်သွားလိုက်ပါ..။
မြန်မာလို စာလုံးတွေ ဖန်တီးဖို့ အရင်ဆုံး KaNaung Converter ကို အောက်ကလင့်ကနေ ဒေါင်းယူထားလိုက်ပါဗျာ..။
KaNaung Converter ကို W8 နဲ့ W7 ၂မျိုးလုံးမှာ အသုံးပြုလို့ အဆင်ပြေပါတယ်..။ အောက်ကပုံအတိုင်း ၂မျိုးနဲ့ ပြပေးထားပါတယ်..။ 
အပေါ်ပုံနဲ့ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း KaNaung Converter ကို ၂ချက်တောက်ပြီးရင် Zawgyi-One နဲ့ myanmar3 စာသားနေရာတွေကို သွားပြောင်းပေးလိုက်ပါ..။ ပြီးရင်တော့ Zawgyi-One ဘက်မှာ ဇော်ဂျီဖေါင့်နဲ့ စာရေးပြီးရင် အောက်ဆုံးက ->> Convert Now ->> နှိပ်လိုက်ပါ..။ Myanmar3 ဘက်မှာ ပေါ်လာတဲ့ စာတွေကို စလက်ပေးပြီး Right Click >> copy ယူပါ..။

ပြီးရင်တော့ အောက်ကပုံတွေအတိုင်း Logo Text နေရာမှာ paste နဲ့ ထည့်လိုက်ရင် အဲ့ဒီနေရာမှာ မြန်မာစာ အမှန်မပေါ်ပေမယ့် သူ့အပေါ်က ဒီဇိုင်းမှာတော့ မြန်မာလို အမှန်ပေါ်လာပါပြီ..။

အောက်ကပုံကတော့ အပေါ်ပုံ နေရာကို ရောက်အောင် မူလစာမျက်နှာကနေ ဝင်ပြီး ဝင်သွားပြထားပါတယ်..။ 

အပေါ်ပုံအတိုင်း KaNaung Converter ကနေ စလုံးတွေကို ထည့်ပြီးရင် Create Logo စာသားကို နှိပ်ပေးလိုက်ပါ..။ ခဏစောင့်နေလိုက်ရင် အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ Download စာသားကို နှိပ်ပြီး မိမိတို့ ဖန်တီးထားတဲ့ စာလုံးတွေကို ဒေါင်ယူလို့ ရသွားပါပြီ..။ Logo / Shadow / Backgroung / Image Size စာသားနေရာတွေကနေ ဝင်ပြီး စာလုံးတွေကို ပြုပြင်လို့ ရပါသေးတယ်..။ ဒီမှာ လုပ်ပြထားတာကတော့ သူ့ဆိုဒ်မှာ ပေးထားတဲ့ အတိုင်းပဲ လုပ်ယူလိုက်တာပါ..။

အောက်ကပုံကတော့ Animated စာလုံးတွေကို လုပ်ယူထားတာပါ..။ အပေါ်က ပုံနဲ့ လုပ်နည်းအတူတူပါပဲ..။

မီးလောင်နေတဲ့ စာလုံးတွေကို ဖန်တီးချင်ရင်တော့ အောက်ကပုံအတိုင်း နှိပ်ပြီးလုပ်ယူပါတယ်..။

Download ကိုနှိပ်လိုက်ရင်တော့ ဖန်တီးထားတဲ့ စာလုံးဒီဇိုင်းတွေကို ရရှိသွားပါပြီ..။ အောက်က ပုံကတော့ စာလုံးအရောင်နဲ့ နောက်ခံ ဒီဇိုင်းတွေကို ပြင်ချင်တယ်ဆိုရင်တော့ Logo ကို နှိပ်ပြီးသွားလိုက်ပါတယ်..။ Advanced ကနေ ဝင်ချိန်လို့ ရပါသေးတယ်..။ ဒီလောက်ဆိုရင်တော့ Animated စာလုံးတွေနဲ့ 3D Text စာလုံးတွေကို မြန်မာလိုပါ ဖန်တီးယူလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

dowload

Saturday, June 29, 2013

Ulead Video Studio 11

ဒါလေးကတော့ Video Editing လုပ်ချင်တဲ့ သူများအတွက် တင်ပေးလိုက်ပါတယ်..။ ကျနော့်သူငယ်ချင်းတွေ ထဲမှာလည်း ဒီလိုဆော့ဝဲလ်လေးတွေ တင်ပေးဖို့ တောင်းဆိုထားလို့ ဖိုင်ဆိုဒ်သေးတာလေးတွေ လိုက်ရှာရင်းနဲ့ အခုမှ တင်ပေးဖြစ်သွားပါတယ်..။ တခြားဆော့ဝဲလ်တွေက ဒီကောင်လေးထက် အများကြီး ဖိုင်ဆိုဒ်ကြီးပါတယ်..။ ရှာလို့ တွေ့တဲ့ထဲမှာ ဒီကောင်လေးက ဖိုင်ဆိုဒ်သေးလို့ ဒါလေးကို အရင်တင်ပေးလိုက်ပါတယ်..။ Video Editing ဆော့ဝဲလ်တိုင်းဟာ ဖိုင်ဆိုဒ်ကြီးကြပါတယ်..။ အဲထဲမှာမှ ဒါလေးကဖိုင်ဆိုဒ်သေးလို့ပါ..။ Effect တွေများလွန်းတဲ့ အတွက် အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေလို့ ဒီတိုင်းပဲ တင်ပေးလိုက်ပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 189.6 MB ရှိပါတယ်..။

Internet Download Manager 6.17 Build 1 Final

 Internet Download Manager 6.17 Build 1 Final - နောက်ဆုံးထွက် Update လေးပါ..။ ဒီဒေါင်လော့ဖိုင်ထဲမှာ ဖူးလုပ်အသုံးပြုနိုင်ရန် patch ဖိုင်လေးနဲ့ ပူးတွဲတင်ပေးထားပြီး ...  patch နဲ့အဆင်မပြေတဲ့သူများအတွက် crack ဖိုင်လေးကို သီးခြားလင့်တခုနဲ့ ခွဲတင်ပေးလိုက်ပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေပါတယ်..။ patch (or) crack နဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.1 MB ရှိပါတယ်..။

 IDM အတွက် crack ဖိုင်ကို လိုအပ်ရင်တော့ အောက်ကလင့်ကနေ ဝင်ရောက်ယူနိုင်ပါတယ်..။ ပါတ်စ်ဝါဒ့်က ကျနော့် Blog လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ (2 MB)

ပြည်ပရောက် မြန်မာပြည်သားများ အကြားအမြင်ရှိစေချင်

ဒီခေါင်းစဉ်လေးနဲ့ ပါတ်သက်ပြီး သိစေချင်တာလေး ၂ခုရှိပါတယ်..။ ပထမတခုက ကွန်ပျူတာ ဝယ်တဲ့အခါ သတိထားဖို့နဲ့ ဒုတိယတခုက Broadband ထဲမှာ ထည့်သုံးတဲ့ အင်တာနက် SIM Card လိုင်း အကြောင်း အနည်းငယ် သိစေချင်တာပါ..။ ကွန်ပျူတာ ဝယ်တဲ့အခါမှာ စက္ကန်းဟန်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဝယ်တဲ့ဆိုင်က ပေးလိုက်တဲ့ အထောက်အထားတခုဖြစ်တဲ့ Receive လက်ခံဖြတ်ပိုင်းကို သေချာသိမ်းထားဖို့ လိုပါတယ်..။ ဒါဟာမိမိတို့ဝယ်လိုက်တဲ့ ပစ္စည်းကို ဆိုင်ကထောက်ခံပေးတဲ့ အထောက်အထားတခုပါ..။ မေ့လို့ပဲဖြစ်ဖြစ် သတိမထားမိလို့ပဲဖြစ်ဖြစ် Receive ပါမလာရင် သွားပြန်တောင်းပါ..။ အရေးကြီးပါတယ်..။ အခုဖြစ်နေတာက အဲဒီ Receive မပြနိုင်လို့ မိမိတို့စက်က အမှန်အကန် ဝယ်ထားတာ ဖြစ်ရက်နဲ့ အသိမ်းခံနေရတယ်..။ ဟိုတနေ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့.. သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ဒီအကြောင်းတွေကို ကိုယ်တိုင်ကြုံခဲ့ရလို့ အခု စက်အသစ်ပြန်ဝယ်ချင်နေတာ.. စက်ဝယ်တဲ့နေ့ကျရင် ကျနော့်ကိုပါ လိုက်ခဲ့ပေးဖို့ တောင်းဆိုလာလို့ ရောက်တတ်ရာရာ စကားပြောကြရင်း ဒီအကြောင်းတွေပါ ပါလာတာ.. အခုတော့ နိုင်ငံခြားရောက်နေတဲ့ မြန်မာပြည်သားများအတွက် အကြားအမြင်၊ ဗဟုသုတတိုးပွါးစေခြင်းငှါ ပြန်လည်ဖေါက်သယ်ချလိုက်ရပါတယ်..။
ကျနော့်သူငယ်ချင်းရဲ့ သူငယ်ချင်းတို့ နေတဲ့နေရာက မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်နဲ့ နီးတဲ့ KL နဲ့ Seremban သွားတဲ့ ရထားဘူတာတခုဖြစ်တဲ့ Nilai ဘူတာနားမှာ နေတာပါ..။ အခုအဲဒီမှာ အရင်က ရဲတွေကိုပဲ ကြောက်ရတာ၊ အခုတော့ ရဲထက် Rela ဆိုတဲ့ လုံချုံရေးတမျိုးက မြန်မာပြည်သားတွေနေတဲ့ အိမ်တွေကို အဖွဲ့လိုက်ဝင်စစ်ဆေးပြီး ကွန်ပျူတာတွေမှာ Receive မပြနိုင်တဲ့ စက်တွေမှန်သမျှ အသစ်ရော အဟောင်းရော အားလုံးသိမ်းပါတယ်..။ Receive မပြနိုင်ရင် ခိုးရာပါပစ္စည်းလို့တောင် ပြန်ပြီးစွပ်စွဲသေးတယ်..။ ကျနော့်စက်က အသစ်ဝယ်ထားတာပါ ဆိုလဲ မရပါဘူး.. Receive ပြပါတဲ့.. Receive မပြနိုင်ရင် အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် အကုန်သိမ်းပါတယ်..။ အနုနည်းနဲ့ ဓါးပြတိုက်၊ လုသွားတာ.. ရင်နာဖို့ ကောင်းပါတယ်..။ ဘယ်မှတိုင်လို့ မရသလို ဘယ်ရဲကမှလည်း ဒီကောင်တွေကို အရေးမယူပေးပါဘူး..။ ရဲကအစ ဒါတွေလုပ်ခဲ့တာကိုး..။ နောက်တခုက Hand Phone တွေ.. အထဲမှာ ဟိုကားဒီကား ထည့်ထားလို့ကတော့ ဒီကောင်တွေ (Rela) နဲ့တွေ့ အသိမ်းခံရပြီ.. ဖုန်းတွေဆို လမ်းသွားရင်းနဲ့တောင် လိုက်စစ်နေတာ.. ဒီကောင်တွေတော်တော်ဆိုးတယ်..။ အဲ့လိုနဲ့ အဲဒီနေရာမှာ မြန်မာပြည်သားတွေ အလူးအလဲခံနေရတယ်..။ အဲ့ဒီလို လုပ်စားနေတဲ့ Rela တွေကို ရဲထက်ပိုကြောက်နေကြရပါတယ်..။ ဒါကြောင့် မလေးရှားမှာရှိတဲ့ မြန်မာပြည်သားများ စက်ဝယ်တဲ့အခါ ပါလာတဲ့ Receive စာရွက်ကို အထူးသတိထား ဆောင်ထား၊ သိမ်းထားရပါမယ်..။ Receive စာရွက်ကို မိတ္တူ ၄၊၅ခု ပွါးပြီး နေရာတွေခွဲ သိမ်းထားသင့်ပါတယ်..။ ဒါမှ တခုပျောက်ရင် နောက်တခုနဲ့ ရှင်းလို့ လွယ်မှာပါ..။ တကယ်လို့ မိမိတို့စက်ဝယ်ထားတာ ကြာသွားလို့ Receive ပြန်ရှာမရတော့ဘူးဆိုရင် သူငယ်ချင်းတွေဆီက Receive စာရွက်ငှါးပြီး Photoshop နဲ့ မိမိတို့စက်ရဲ့ အမျိုးအစား၊ Model၊ နံပါတ်တွေကအစ သူငယ်ချင်း Receive နဲ့ပုံစံတူအောင် ပြုလုပ်ထားသင့်ပါတယ်..။ ကိုယ်တိုင်မလုပ်တတ်လည်း Photoshop ကျွမ်းကျင်တဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး Receive တရွက်လုပ်ထားရပါမယ်..။ လုပ်ပြီးရင်တော့ copy ၅ခုလောက်ပွါးထားပေါ့..။ ဒါမှမိမိတို့စက် လုံခြုံရေးအတွက် စိတ်ချရမှာပါ..။ ဒီကောင်တွေက သေချာဆိုင်မှာသွားမေးတာ မဟုတ်ပါဘူး.. Receive မှာပါတဲ့ စက်အမျိုးအစား၊ Model၊ နံပါတ်နဲ့ သူ့ရှေ့မှာ မြင်နေရတဲ့ စက်ကို အားလုံးတူမတူ တိုက်ကြည့်ပါတယ်..။ တူတယ်ဆိုရင် ဒါအမှန်ဆိုပြီး ယူမသွားပါဘူး..။ Receive မပြနိုင်ရင်တော့ ဘယ်လောက်ပဲ မှန်မှန် သိမ်းသွားပါတယ်..။ ဒါကြောင့် မဖြစ်မနေ Receive တရွက်တော့ သေချာသိမ်းထား၊ ဘယ်သွားသွား စက်နဲ့ အတူ ယူသွားပါ..။ ဒါလေးက မိမိတို့စက်အတွက် ကြိုတင်ကာကွယ်မှု တခုပါပဲ..။
နောက်တခုက အင်တာနက်သုံးဖို့အတွက် Broadband ထဲမှာ ထည့်ထားတဲ့ SIM Card ကို လိုင်းနှေးတာ၊ မြန်တာနဲ့ ပါတ်သက်ပြီး ၃၊၄ မျိုးလောက် ခွဲထားတာ တွေ့မိပါတယ်..။ ဘယ်အမျိုးအစားက ပိုကောင်းလဲဆိုတာကို ကျနော်မပြောလိုပါဘူး..။ သိစေချင်တာ အင်တာနက်လိုင်းသုံးရင် အဓိက ရုပ်ရှင်၊ ဗွီဒီယို ၊ You Tube ကသီချင်းတွေ မကြည့်ပါနဲ့.. ကြည့်တာများရင် Connection ကျပါတယ်..။ လိုင်းပေါ်မှာ တင်ထားတဲ့ ရုပ်ရှင်ကားတစ်ကားဟာ အနည်းဆုံး 700 MB ဝန်းကျင်ရှိပါတယ်..။ ဒီပမာနထက် နည်းတာရှိသလို၊ ပိုများတာတွေလည်း ရှိပါတယ်..။ You Tube ကသီချင်းတပုဒ်မှာ 20 MB ဝန်းကျင်ရှိပါတယ်..။ ဖိုင်ဆိုဒ်ပိုများတာတွေရှိသလို၊ နည်းတာတွေလည်း ရှိပါတယ်..။ ဒီမှာတော့ ပျှမ်းမျှ သိရအောင် ပြောပြတာပါ..။ ပိုက်ဆံတတ်နိုင်လို့ ဈေးကြီးကြီးပေးပြီး တစ်လကို ဂစ် ၂၀ (20 GB) ကျော်၊ ဂစ် ၃၀ (30 GB) လောက် ဝယ်သုံးနိုင်တဲ့သူတွေနဲ့၊ Wifi သုံးနိုင်တဲ့သူတွေကို မဆိုလိုပါဘူး..။ ပိုက်ဆံရှိသားသမီးတွေအတွက် ဒါတွေလုပ်လို့ရပါတယ်..။ ကြည့်ချင်တာတွေ အွန်လိုင်းမှာ စိတ်ကြိုက်ကြည့်လို့ ရပါတယ်..။ ဒါပေမယ့် တလမှ ၅ ဂစ် (5 GB) လောက်ပဲ ဝယ်နိုင်တဲ့ Broadband နဲ့သုံးတဲ့သူများကတော့ လုံးဝ ရုပ်ရှင်တွေ သီချင်းတွေ လိုင်းပေါ်မှာ မကြည့်သင့်ပါဘူး..။ အဲဒါတွေ သုံးတာများရင် လိုင်းကျမြန်ပါတယ်..။ Connection က အပေါ်ကို မတက်နိုင်တော့ပါဘူး..။ အဲဒီတော့ Data ကိုချွေတာတဲ့ အနေနဲ့ မိမိတို့ အရမ်းကြိုက်တဲ့ သီချင်းဆိုရင် အင်တာနက်မှာ ခဏခဏဖွင့်ပြီးနားထောင်မယ့်အစား၊ အဲဒီသီချင်း တပုဒ်ကို ဒေါင်းလော့ချထားလိုက်ရင် Connection မရှိလည်း အမြဲနားထောင်လို့ ရပါတယ်..။ ဒေါင်းလော့ချတာ Data တခါပဲ ကုန်ပါတယ်..။ နေ့တိုင်းနေ့တိုင်း အွန်လိုင်းဖွင့်ပြီး သီချင်းသွားနားထောင်ရင် နေ့တိုင်းနေ့တိုင်း Data တွေကုန်ပါတယ်..။ Data ကုန်တာမြန်ရင် တလစာဝယ်ထားတဲ့ 5 GB / 6 GB ကုန်တာနဲ့ လိုင်းက အီပြီးလည်နေပါလိမ့်မယ်..။ ရှေ့ကိုတော်တော်နဲ့ မရောက်နိုင်တော့ပါဘူး..။ ဆိုလိုတာက တလစာ 5 GB ဝယ်တယ်ဆိုပါစို့.. ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ ကြည့်တာများလို့ ၁၅ရက်နဲ့ 4.5 GB ကုန်သွားရင်.. ကျန်တဲ့ ၁၅ရက်အတွက် 500 MB ပဲကျန်ပါတော့တယ်..။ အဲဒီ 500 MB နဲ့ ကျန်တဲ့ ၁၅ရက်စာကို တွက်ကြည့်.. တရက်ကို ဘယ်လောက် MB ပဲအသုံးပြုလို့ ရတော့မလဲဆိုတာ..။ ဆိုလိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်..။ ဒါကြောင့် အင်တာနက်လိုင်း ဝယ်တော့မယ်ဆိုရင် တစ်လမှာ ဘယ်နှဂစ်၊ ဘယ်လောက် GB ပေးလဲဆိုတာ အရင်ဆုံးမေးပါ..။ ဈေးအနည်းဆုံးက တစ်လ 1.5 GB or 2 GB ကနေ ဈေးအကြီးဆုံး 20 GB ကျော်ထိ ဝယ်သုံးလို့ ရတာတွေရှိပါတယ်..။ မိမိတို့ တလ၊တလ သုံးနိုင်တဲ့ ငွေနဲ့ ချိန်ပြီး ဝယ်တတ်ဖို့ပါ..။ တချို့သူငယ်ချင်းတွေ ကြုံဖူးပါတယ်..။ ဝယ်လာတဲ့ အင်တာနက်လိုင်းက ဈေးအပေါပေါ.. အိမ်ရောက်တော့ သုံးပစ်လိုက်တာ စိတ်ကြိုက် ရုပ်ရှင် ၊ ဗွီဒီယို ၊ သီချင်း အားလုံးဖွင့်တယ်..။ ၁၀ရက်လောက်နေတော့ လိုင်းက ရှေ့မတက်တော့ဘူး..။ အဲဒီမှာ စပြီး စိတ်ညစ်ရတာ..။ နောက်နေ့တွေ ကျနော်နဲ့တွေ့တော့ ''အစ်ကို.. ကျနော်လိုင်းဝယ်ထားတာ အသစ်ဗျ.. လဝက်တောင် မပြည့်သေးဘူး.. လိုင်းက နှေးလိုက်တာဗျာ.. You Tube က သီချင်းတပုဒ်လေး ဖွင့်တာတောင် လည်ပြီး ပြတ်တောင်းပြတ်တောင်းနဲ့.. ရှေ့မရောက်တော့ဘူး.. အဲ့ဒါလေး ကျနော့်ကို မြန်အောင် လုပ်ပေးလို့ရရင် လုပ်ပေးပါဗျာ'' တဲ့ ဆိုပြီး Broadband လေး ကျနော့်ကို ပေးလာတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ဖူးပါတယ်..။ တစ်လဘယ်လောက်တန်လဲ.. သေချာမေးကြည့်တော့ ဈေးပေါတဲ့လိုင်းဖြစ်နေတယ်..။ ကျနော်ဘယ်သွားလုပ်ပေးလို့ ရပါ့မလဲ.. သူ့ကို ဈေးကြီးတဲ့ တလ ဂစ် ၃၀၊ ၄၀ လောက် သုံးလို့ရတဲ့ လိုင်းကိုရှာပြီး ဝယ်သုံးလို့ ပြောလိုက်တယ်..။ ဒါပဲရှိတော့တယ်လေ..။ အဲ့ဒီတော့ ဒီလို ဗဟုသုတလေးတွေနဲ့ ပါတ်သက်ပြီး အကြားအမြင်လေးတွေလည်း ရှိထားသင့်ပါတယ်..။ တခြားမသိသေးတဲ့ သူငယ်ချင်းများလည်း ဒီပိုစ့်လေးနဲ့အတူ ဗဟုသုတများ တိုးပွါးကြပါစေဗျာ..။