၁၊နံနက်စာမစားတဲ့အကျင့်
နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည်
ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး
မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
၂။ အစာစားပြီး ရေများများသောက်ခြင်း
အစာစားပြီးခါစမှာ ရေအ၀သောက်ရင်
အစာခြေဖျက်မှုကိုအနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ
ရေတနင့်တပိုးသောက်မည့်အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ မျှသောက်ပါ။
၃။ အစားအလွန်အကျွံစားတတ်မှု
အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံ့ပွမှုကို နှေးကွေးစေပါတယ်။ ဒါဟာ အစာခြေလုပ်ငန်းကို အကျိုးယုတ်စေပါတယ်။
၎။ လက်ဖက်ရည်ခါးခါးသောက်တတ်
အကျရည်ပြင်းတဲ့ လက်ဖက်ရည်ဟာ အစာခြေဖျက်မှုနဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် ညဘက်အိပ်မပျော်မှုကိုဖြစ်စေပါတယ်။
၅။ အရက်အလွန်အကျွံသောက်ခြင်း
အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။ အရက်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊
အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး
သောက်သုံးသူကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။
၆။ အလွန်အကျွံအိပ်ခြင်း
အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့
အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်နှေးကွေးတာ၊ အာရုံခံမှု
စွမ်းရည်လျော့ပါးတာနဲ့ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး
နှလုံးနဲ့လေဖြတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
၇။ အချိန်ကြာမြင့်စွာ သွားတိုက်တတ်တဲ့အကျင့်ဆိုး
အစာစားပြီးတိုင်းသွားတိုက်တာဟာ ခံတွင်းနဲ့သွားရောဂါ၊ အဆစ်အမြစ်နဲ့
ကျောက်ကပ်ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့်
သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို
ထိခိုက်စေပါတယ်။
၈။ မျက်နှာခဏခဏသစ်တတ်တဲ့အကျင့်
မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး
ရုပ်လည်းကျစေပါတယ်။ မျက်နှာကို ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲသစ်တာ
အကောင်းဆုံးပါ။
၉။ လမ်းလျှောက်လွန်းတဲ့အကျင့်
လမ်းအလွန်လျှောက်တာဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်တယ်လို့ ဆိုထားပါတယ်။
၁၀။ ဒေါက်မြင့်စီးတဲ့ အကျင့်ဆိုး
ဒေါက်မြင့်ဖိနပ်တွေဟာ အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီးတွေဟာ ခြေထောက်၊ ခြေမျက်စိ၊
ဒူး ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။
ညီဇော်ထွန်း
မောက်
Monday, July 21, 2014
အသိ
ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် အကောင်ထည်ဖော်ခြင်လား
သူများရဲ့အကောင်ထည် ဖော်ခြင်းကိုခံခြင်လားဆိုတာ
မနက်မိုးလင်းတိုင်းစဉ်းစားပါ။
သူများရဲ့အကောင်ထည် ဖော်ခြင်းကိုခံခြင်လားဆိုတာ
မနက်မိုးလင်းတိုင်းစဉ်းစားပါ။
လက်ခံခြင်း
ကျန်းမာမှ သာ ချမ်းသာခြင်းဆိုတာကို လက်ခံနိုင်မယ်။
ချမ်းသာမှသာလျှင် ပျော်ရွှင်ခြင်းဆိုတဲ့ စိတ်ခံစားမှုကို ဆုတ်ကိုင်နိုင်မည်။
ကျောက်ဆည်မြို့
မဇာနည်ထွေး(DC.vice mannger)
ချမ်းသာမှသာလျှင် ပျော်ရွှင်ခြင်းဆိုတဲ့ စိတ်ခံစားမှုကို ဆုတ်ကိုင်နိုင်မည်။
ကျောက်ဆည်မြို့
မဇာနည်ထွေး(DC.vice mannger)
Saturday, July 19, 2014
လင်ဇီး၏သမိုင်းကြောင်း
လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းကပင် ရာရှီးဟုခေါ်သော လင်ဇီးမှိုကို ဆေးဘက်ဝင်အပင်တစ်မျိုးအဖြစ် အသုံးပြုလာခဲ့ကြပါသည်။ တရုတ်တော်ဝင် မင်းမျိုးမင်းနွယ်များသည် အသက်ရှည်စေသောလင်ဇီးမှိုကို အမြတ်တနိုး တန်ဖိုးထားကြ သဖြင့် တော်ဝင်အသုံးအဆောင်များ၊ ယဉ်ကျေးမှုအနုပညာ လက်ရာများ၊ ပန်းချီပန်းပုရုပ်ထုများ၊ ဖဲကြိုးပြားများနှင့် ဧကရာဇ်များ၏ ဝတ်ရုံများတွင် ထည့်သွင်းဖော်ပြလေ့ရှိခဲ့ပါသည်။ ထို့အပြင် ဂျပန်ရိုးရာယဉ်ကျေးမှုတွင်လည်း လင်ဇီးမှိုကို အရေးအကြီးဆုံး ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် ယူဆခဲ့ ကြသည်။ ထို့ကြောင့် လင်ဇီးကို ထာဝရရှင်သန်စေသောမှို ဟူ၍လည်းကောင်း၊ အနှစ်တစ်သောင်း အသက်ရှည်စေသောမှို ဟူ၍လည်းကောင်း၊ ဝိဥာဉ်ပိုင်းဆိုင်ရာအစွမ်းထက်ပင်ဟူ၍လည်းကောင်း အမျိုးမျိုးတင်စားခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ တရုတ်တို့က လင်ဇီးကို ကျန်းမာခြင်း၊ အသက်ရှည်ခြင်းနှင့် ကံကောင်းစေခြင်း တို့၏ အမှတ်သင်္ကေတအဖြစ် မှတ်ယူကြသည်။ ရေရှည်သောက်သုံးသော်လည်း ဘေးထွက်ဆိုးကျိုးမရှိခြင်း၊ ကျန်းမာရေးကို ထူးကဲစွာအထောက်အပံ့ပေးခြင်းနှင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးခြင်းဖြင့် အသက်ရှည်နုပျိုစေခြင်းတို့ကြောင့်လင်ဇီးသည် ထိပ်တန်းအားတိုးဆေး (၁၂ဝ)ခန့် ရှိသည့်အနက် ထိပ်ဆုံးအဖြစ် နေရာပေးခြင်းခံရသောဆေးဖြစ်ပါသည်။
လင်ဇီးနှင့် ပတ်သက်သောအမည်အမျိုးမျိုး
လင်ဇီးနှင့် ပတ်သက်သောအမည်အမျိုးမျိုး
ကမ္ဘာမှိုဗေဒပညာရှင်များ၏အဆိုအရ ဂါနိုဒါးမါး (Ganoderma) ဟုခေါ်သော မျိုးနွယ်စု၏အောက်တွင် မှိုအမျိုးအစားပေါင်း (၂ဝဝ) ကျော်ပါဝင်ကြောင်းသိရသည်။ ယင်းတို့အနက် အတွေ့များသော အမျိုးအစားများမှာ ဂါနိုဒါးမါး လူစီဒမ် (Ganoderma lucidum) ၊ ဂါနိုဒါးမါး ဂျပိုနီဒမ် (Ganoderma japonicum)၊ ဂါနိုဒါးမါး ဆူဂေး (Ganoderma tsugae)နှင့် ဂါနိုဒါးမါး အက်ပလန်နေတမ် (Ganoderma applanatum) တို့ဖြစ်သည်။

အကျိုးကျေးဇူးအကျဉ်းချုပ်
(၁) ကင်ဆာရောဂါများကို ကာကွယ်ကုသပေးနိုင်ခြင်း၊
(၂) ဓာတုပစ္စည်းများကြောင့် အသည်းပျက်စီးခြင်းကို ကာကွယ်ပေးခြင်း၊
(၃) အသည်းရောင်အသားဝါရောဂါဝေဒနာများကို သက်သာစေခြင်း၊
(၄) သွေးတွင်း ကိုလက်စထရောပမာဏ လျော့ချပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတိုးရောဂါကို ကာကွယ်တားဆီးပေးခြင်း။
(၅) နှလုံးသွေးလွှတ်ကြောများကို ကြံ့ခိုင်သန်စွမ်းစေခြင်းကြောင့် နှလုံးရောဂါကို ကာကွယ်ကုသနိုင်ခြင်း၊
(၆) သွေးတွင်းသကြားဓာတ်ကို လျော့ပေးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ကုသနိုင်ခြင်း၊
(၇) ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ်များကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးခြင်း၊
(၈) စိတ်ဖိစီးမှုနှင့် အာရုံကြောဆိုင်ရာပြဿနာများကို ကုသပေးနိုင်ခြင်း၊
(၉) ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် အိပ်မပျော်ခြင်းကို ကုသနိုင်ခြင်း၊
(၁ဝ) သည်းခြေအိတ်ကျောက်တည်ခြင်းကို ကာကွယ်ကုသနိုင်ခြင်း၊
Jia Hor Hi-Fibre
ကိုယ်တွင်းအဆီများနှင့် အူလမ်းကြောင်း အတွင်းရှိ အညစ်အကြေးများကို ရှင်းထုတ်ပေးပြီး
သွေးချို ၊ ဆီးချို ၊ သွေးတိုး ရောဂါတို့ကို ကာကွယ်ပေးခြင်း၊ သွေးလွှတ်ကြောဆိုင်ရာ ရောဂါနှင့်
နှလုံးရောဂါ ဖြစ်ပွားမူ နှုန်းကို လျှော့ချ စေသည်။
Subscribe to:
Posts (Atom)